');

လေလွင့် ငှက်၏ တေးသီလွှာ


…သုံးခါမြောက် ဖြစ်တဲ့

ဆောင်းးပေါက် ရာသီရဲ့

စွတ်စို အေးချမ်းမှုတွေက

ဝေဒနာ ရသ တစ်ခုအတွက်

သတိရ ဖော်ညွှန်းချက် လေလား…

“အဝေးရောက်သား…..သို့”…..ဆိုတဲ့

ခေါင်းစဉ်တပ်…စာအိတ်ဖြူ တွေ

ပျံဝဲ လာနေကြပြန် ပြီ…

ခွင့်လွတ်ပါ…..အမေ…

ေ၀၀ါးဆဲ ဖြစ်တဲ့ အောင်မြင်မှု…..သရုပ်တွေ

ပီပြင်စွာ မဖော်ထုတ်နိုင်…သရွေ့

အမေရဲ့…..ဆုံမစကားတွေကို

အဝေးမြေ…..မှပဲ

ဦးညွှတ် နေပါရစေတော့…..အမေ…။



လေးစားမိသော ကိုရင်လေး



0 comments:

Post a Comment